Tuesday, August 2, 2011

အယုတ်များကြားမှ အရုပ်များ

Tuesday, August 02, 2011 Posted by ဂျေဂျူဝိုင်
လက်သီးနဲ့ မေရိုးကို ခပ်ပြင်းပြင်းထိုးလိုက်လည်း
သူ့မေးရိုးနာရုံပဲ ရှိမှာပါပဲ
ရှေးရိုးတွေ ဆေးထိုးမှားသလိုလို
အမှန်တော့ နဂိုကတည်းက ပိုလီယိုရယ်
သူလို ငါလို မှားတတ်နေကျထဲက
ငါနည်းနည်းပိုမှားပြမယ်ဆိုပြီး ထော့နဲ့ ထော့နဲ့
လောက်ထွက်လာတယ်လို့ ဆိုရင်
အနာရှိသူကို မသိမသာနဲ့ ခပ်နာနာလေး မေးငေါ့
ပြောနေကြတာကတော့ အမျိုးဘာသာ သာသနာပဲ
နိုင်ငံတကာ ရွှေဈေးထက် ဒီစကားက ဈေးတက်မြန်သေး
ဘယ်သွားရမှန်း ဘယ်သွားနေကြမှန်း မသိသလောက်
ဘာပြောလိုက်ရ ဘာကောလိုက်ရတော့ သိပ်တတ်တဲ့သူအချင်းချင်း
မူးတင်း ပဲတင်း သူ့ကို ငါဈေးဆစ် ငါ့ကို သူဈေးဆစ်
ဆီသည် လက်နှီးစုတ်ထက် ဘယ်သူ့ကို ပိုညစ်ပတ်ရမလဲ
နှစ်ထပ်ကွမ်းရ အကယ်ဒမီမျက်နှာကြောတွေနဲ့
ဆိုစမ်ပါဦး ဒီနေ့ ရွှေဈေး၊ ကျောက်ဈေး
မိန်းမရေ... အရှေ့ဈေး၊ အနောက်ဈေး
သားလေး သမီးလေး ကျောင်းကြေး ကျူရှင်ကြေး
ဟိုပြေးဒီပြေး ဘီယာစတေရှင်ပြေး စင်တင်ပြေး
ကာမအရေးတွေ တထွေးကြီးလုံးသီရင်း မောအောင်ပြေး
ကုသိုလ်ရေး ဘယ်လောက်နောင့်နှေး နောင့်နှေး
ဆိုရေးရှိက ဆိုအပ်လှဆိုပြီးပြီးတော့
ပဏာမ ဘုရားရှိခိုး ဂါထာဘယ်လိုမှန်း မသိဖူးပေမယ့်
သာသနာရေးကို လူအထင်ကြီးအောင် ရင်လေးပြ
တစ်လှေလုံးပါလာတဲ့ ငါးတွေလည်း
ဒီပုတ်ထဲက ဒီပဲပါပဲနှင့် အခြား ရင်နာစရာတွေ
မီးလောင်ရာ လေပင့်ကြ
အဆင်းကို ဘီးတပ်ကြ
ကဲပါလေ စကားပြောဖို့ ဗီဇာလျှောက်စရာမလို
အခွန်ဆောင်စရာမလို ပိုပိုသာသာပြောတတ်ဖို့ပဲ လိုတာပဲ
လက်ငင်းကြီး ဓားခုတ်ရာလက်လျှိုတာမှ မဟုတ်ဘဲ
ဘာဖြစ်တော့ကော ဘာအရေးလဲ
အနည်းဆုံး ငါတို့ရဲ့ သားသမီးတွေ
ကိုးကွယ်တဲ့ဘာသာမှာ ထည့်စရာ မရှိတာလောက်ပဲ
ဒါကလည်း ဘာဖြစ်လဲ ။