Wednesday, September 19, 2012

ပုိက္ဆံ

Wednesday, September 19, 2012 Posted by ဂျေဂျူဝိုင်
ပုိက္ဆံ
ငါ အဲလိုစဉ်းစားလိုက်ရင်
ပိတ်ထားတဲ့ တံခါးကို မြင်တယ်
တောင်ပံနှစ်ဖက်နဲ့ အဝေးကို ထွက်သွားတဲ့
လေယာဉ်ပျံတွေကို မြင်တယ်
အမြစ်ကျွတ်ပြီး သေနေတဲ့ သစ်ပင်ကို မြင်တယ်
မာန်ဖီနေတဲ့ တိရစ္ဆာန်တစ်ကောင်ကို မြင်တယ်
လောသကတိဿကို ပြေးမြင်တယ်
လူတန်းစား ခွဲခံလိုက်ရတယ်လို့ မြင်တယ်
ငါ့ရဲ့ သိမ်ငယ်စိတ်တွေ ဒေါအဖြစ် မပြောင်းဖို့
ငါတားပေမယ့် ငါ့မှာ ပိုက်ဆံမရှိဘူးဆိုတဲ့
အတွေးဟောင်းလောင်းကြီးကို ငါမြင်တယ်
ငါဘယ်တော့မှ မမေ့ခဲ့တဲ့ မေ့ဆေးဟာ
ပိုက်ဆံမရှိဘူးဆိုတဲ့ အတွေး ဖြစ်တယ်
ဘယ်လိုပဲ ခြစ်ခြုပ် ခြစ်ခြုပ်
ငါ့နားမှာ ပိုက်ဆံ မရှိဘူး
ပိုက်ဆံနားမှာ ငါမရှိဘူး
ဒီလိုနဲ့ ငါ့ဘဝမီးပျက်တယ်။