Monday, April 14, 2014

သူ၏အကြိုက် မလိုက်တစ်ခါ

Monday, April 14, 2014 Posted by ဂျေဂျူဝိုင်
နေဟာ အထွက်အဝင်မတတ်ရင်
အချိုးအစားအားဖြင့် နားမလည်
ပါးမလည် တစ်ဖက်ဆီရောက် အစွန်းနဲ့
ပါးနပ်စွာ လှီးဖြတ်ထားတဲ့ စကား
သံတွေ ဘာမဆို အကြိမ်ကြိမ်
အခါအခါ စားရင်  ဘယ်လိုချိုချို
ခါးသွားတာပါပဲ ဘယ်လိုအရသာ
ရှိရှိ များရင် ခါးတာတစ်ခုပဲ
အဖြေထွက်တယ်
နေမင်းကြီးရေ ခင်ဗျား
သတိနည်းနည်းထားပြီးတော့
အဝင်အထွက် လုပ်ဗျာ
စားသတိ သွားသတိဆိုတာ
ရှိတယ်မလား။

ကောင်းတာပြောလို့ ကောင်းတာ
ပြန်ကြားခဲ့ရဖူးရင် ခင်ဗျားဟာ ကံကောင်း
သူတစ်ယောက်ဖြစ်သလို
ကောင်းတာလုပ်လို့ ကောင်းတာ
ပြန်ရရင် ခင်ဗျားဟာ ကံကောင်းသူ ဖြစ်တယ်။
သည်းခံခြင်းဆိုတာ ကျမ်းစာမှာ
ဘုရားနှုတ်ကပတ်တော်မှာ
အမှားဆိုတာ ခင်ဗျားမျက်နှာတည့်တည့်ပါ
ခင်ဗျားအကြောင်း ထဲထဲဝင်ဝင်မှာ
ခင်ဗျားတို့ဟာ အလိုလိုနေ
သိပ်ပြီးတော့ သူတော်ကောင်းလုပ်ချင်
သိပ်ပြီးတော့ သူတော်ကောင်းယောင်ဆောင်ချင်
လောကီသားချင်းပေမို့
တစ်ခါတလေလေး စိတ်ကောင်းထားကြည့်ချင်။

Saturday, February 8, 2014

From Pinlong To A Nation Prace

Saturday, February 08, 2014 Posted by ဂျေဂျူဝိုင်
အစားမတော်တစ်လုပ်ကြောင့်
ငါးတွေ ကုန်တော့မယ်။
အသွားမတော်တစ်လှမ်းကြောင့်
တောရိုင်းသတ္တ၀ါတွေ ကုန်တော့မယ်။
ခု
အပြောမတော်တစ်ခွန်းတွေကြောင့်
ငါတို့ ငြိမ်းချမ်းရေးတွေ
ဘယ်သူမပြု မိမိမှုတွေ
မဖြစ်ကြစေနှင့်

Saturday, February 1, 2014

တောင်ကြီး

Saturday, February 01, 2014 Posted by ဂျေဂျူဝိုင်

မိုးရွာရွာ နေပူပူ
သူ့အပူနဲ့သူ
ပုဝါမကူ ရေမရှူကြေး
လှနေလေရဲ့