Sunday, November 6, 2016

ပုပ်သိုးသွားတဲ့ အရွယ်

Sunday, November 06, 2016 Posted by ဂျေဂျူဝိုင်

မရေရာတဲ့ နေ့တွေက ဆယ်နှစ်ရာသီ
ကြွေနေတဲ့ အနာဂတ်တွေက ကောင်းကင်တစ်ခု
ဟုတ်ပါသလားလို့ ပြန်မကြည့်တတ်သူများရဲ့
အားမလို အားမရ ပြန်လည်ပြစ်တင်သံများ
တွတ်တီးတွတ်တာ ဂုဏ်ယူသံများ
ထင်ယောင်ထင်မှား မျက်နှာများ
မသေမချာ ဘွဲ့တံဆိပ်များ
ကိုယ်က အထင်ကြီးရင်းစွဲမို့
ကိုယ့် ရင့်အိုခြင်းကို လက်ဆောင်ပေးခဲ့တယ်
ကိုယ့်ငြီးငွေ့မှုက
ကျောယားသလို ကုတ်ပြီးဖြေဖျောက်လို့မရ
ဒီလိုနဲ့
မုန်းစရာတွေကို ချစ်ကြောင်းပြောပြီး
လွမ်းပြနေလိုက်တော့တယ်။

Thursday, September 22, 2016

လြတ္လပ္မႈ

Thursday, September 22, 2016 Posted by ဂျေဂျူဝိုင်

ဒီအခ်ိန္မွာ
မင်းတို့ကို ငါအပြောချင်ဆုံးစကားက
မင်းတို့ လွတ်လွတ်လပ်လပ် ပြောဖို့ပဲ
တခုတော့ရှိတယ်
ငါ့အလိုကျတော့ ဖြစ်ပစေပေါ့ကွာ
မင်းတို့ လွတ်လွတ်လပ်လပ်
သွားလို့ရတယ် လာလို့ရတယ်
နေလို့ရတယ် ထိုင်လို့ရတယ်
မင်းတို့ လွတ်လွတ်လပ်လပ်ရှိကြောင်း
မင်းတို့ကို ညတိုင်း သုံးနာရီလောက်
ခေါ်ခေါ်ပြောနေတာတောင်
မင်းတို့က မလွတ်လပ်ဘူးဆိုတော့
မင်းတို့က ဘာဖြစ်ချင်နေကြသတုန်း။

အဟဲ မဖွကြနဲ့နော်....

Monday, May 30, 2016

အသည်းခွဲတယ် ဆိုတာ

Monday, May 30, 2016 Posted by ဂျေဂျူဝိုင်

လူယဉ်ကျေးတွေ စားတဲ့ မလိုင်တုံးလေး
လမ်းပေါ် ပြုတ်ကျသွားတော့
ဖုတ်ဖက်ခါပြီး ကောက်စားရသလို
ငါတို့ ပန်းတိုင်တွေ လမ်းအဝင်တကယ်ခက်တယ်
ငါတို့ရဲ့ လက်ကိုင်ဖုန်းလေး
ရေထဲပြုတ်ကျလွယ်တဲ့ နေရာမှာ မထားသလို
ငါနဲ့ ငါ့နှလုံးသားကို ခပ်ဝေးဝေးမှာ ထားထားတယ်
စူးနစ်နေတဲ့ ငါတို့ အချစ်တွေက
ငါတို့ကို မူးယစ်စေခဲ့တာ မှားလား
ငါတို့ ကမ္ဘာကို သိမ်းသွင်းခဲ့တဲ့ တိမ်ထုလေး
ပေးဆပ်မှုလို့ အသံထွက်သတဲ့ကွယ်။

Sunday, May 29, 2016

တုတ်ကောက်

Sunday, May 29, 2016 Posted by ဂျေဂျူဝိုင်
From FB

နေဟာ သူ့အပူနဲ့သူ
မီးလိုလည်းပူရ သောကလိုလည်းပူရ
သူဆက်ရှင်သန်ပေးရမလိုလို ခုပဲ သေပေးရတော့မလိုလို
ကမ္ဘာပေါ်က နိုင်ငံငယ်လေး တခုမှာလည်း
ညဟာ တဆတ်ဆတ်တုန်ဖို့ မေ့နေတာ ကြာပေါ့
သိုးတွေ သူတို့အမွေးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်နိုင်တော့မှာပါ
အိမ်အပေါ်ထပ်ကလည်း ဂိုဒေါင် ဖြစ်နေတာ
သူ့ကိုယ်ထဲမှာ လူနေဖူးတာ ခမျာအိပ်မက်လိုလို
မလုပ်ခဲ့ပါဘူး
မလုပ်တော့ပါဘူး တဲ့
အမူးလွန်နေတဲ့ ဂုဏ်သိက္ခာရှိရှိ တရားတွေ
ငါတို့ တောင်ကုန်းမှာ ငါတို့ မသိတဲ့ အလံတွေ
လာပြီး အောင်ပွဲခံသွားတဲ့အခါ
မိုးထဲ လေထဲ ပြီးတော့ မုန်တိုင်းတွေထဲ ကူသူမဲ့ခဲ့ပေါ့
အလိုလိုနေ ယုန်ကလေး ဖြစ်နေရှာတယ်
ခုလို သူတို့ငိုတဲ့အခါ ဘယ်လို ချော့သိပ်ရလဲ
“ဟေ့ ကလေးတွေ သွားသွား
ဟိုချောင်းထဲ ဘယ်ကားမှ မလာဘူး
ဘောလုံးကို အဲမှာသွားကန်”
ငါတို့ စမ်းချောင်းတွေ
ဆေးရုံတခုခုကို ပို့လို့ မရဘူး
စိပ်ပုတီးနဲ့ ရိပ်ကြီးခိုလို့ မရဘူး
ဖုန်းဆို ဘောလုံးက ရေထွက်ခဲ့ဖူးတဲ့
သစ်ငုတ်ညှောင့်လေးနဲ့ သွားဆောင့်ရော
တကယ်တမ်း သူတို့ အနာဂတ်ကွဲသွားတာ
ဘာမှ မရှိခြင်းမှာ ဘာမှ မရှိဘူး။
တခုခု ရှိရမယ်ဆိုရင်
အဲဒီတခုခုအတွက်
တခုခုကတော့ ရှိရမယ်
ငါတို့ အနာဂတ်အိုကြီး
မတ်တပ်ရပ်နိုင်ဖို့ သေးသေးလေး ဖြစ်ဖြစ်။